သတိရခြင်းတွေတစ်ဖွဲဖွဲကြွေတဲ့
မျက်ဝန်းထဲမှာသောကနှင်းတွေ
ခရမ်းပြာရောင်တောက်လို့
ဘ၀မှာရှုံးနိမ့်မှုတွေနဲ့သာ
အကြိမ်ကြိမ်ရေချိုးခဲ့ရသူပါ
ငါတယုတယစိုက်ပျိုးခဲ့တဲ့
နှလုံးသားထဲက
သစ်ပင်တစ်ပင်အမြစ်တွယ်ရာ
ကမ်းခြေတစ်လျှောက်မှာ
ပန်းတွေမပွင့်ခဲ့
တစ်ဖြည်းဖြည်းသွေးခြောက်အေးခဲ
မျက်ရည်တွေကိုရင်နှင့်မဆံ့ထုပ်ပိုးထားရ
သွေးမတိတ်အိပ်မက်တွေသာ
ညညတွေမှာအရှင်လတ်လတ်
ပန်းထွက်ခဲ့ပေါ့
တစ်ကိုယ်လုံးစိမ်းမြတဲ့ဒဏ်ရာတွေနဲ့
သဇင်တွေလိုငါ့ခေါင်းမှာဝေဆာနေတာက
ခွဲခွါခြင်းတွေသီတွဲထားတဲ့သစ်ရွက်တွေပါ
ငါတို့ဝေးပြီဆိုတဲ့တေးသီချင်းကိုသာ
မှတ်ဥာဏ်ထဲမှာအခါခါသီဆိုခဲ့ရ
ရှုံးနိမ့်ခြင်းတိမ်တိုက်တွေကို
ငါ့လက်ဖျံနဲ့ဆွဲအယူလိုက်မှာ
ဝေါကနဲသွန်ချလိုက်တဲ့မရေရာခြင်းတွေ
လယ်ကွင်းတစ်ကွင်းစာရေတွေလွှမ်းလို့
လရောင်အောက်မှာတောင်
နားလည်ခြင်းတွေဝတ်မှုန်မကူးနိုင်ခဲ့သူပါ။
21 comments:
အခုလောလောဆယ်ခံစားချက်ကဒီကဗျာလေးနဲ့တော်တော်တိုက်ဆိုင်နေတာ။
သတိရခြင်းတွေလဲတဖွဲဖွဲကြွေနေတယ်။
ငါတို့ဝေးပြီတေးဆိုမလို့ စဉ်းစားကြည့်လိုက်တော့ နီးလဲမနီးခဲ့ဖူးပါဘူးလေဆိုပြီးဖြေသိမ့်လိုက်ပါတယ်။
မရေရာခြင်းတွေလဲ တဝေါဝေါ
ဒီကြားထဲ နားလည်ခြင်းတွေလဲ ၀တ်မှုန်မကူးနိုင်တော့ခက်ပီ။ခက်ပီ။

ကဗျာရေးတာအရမ်းကောင်းတယ် အားပေးသွားတယ် မြတ်နိုးရေ :)
အခုလောလောဆယ်ခံစားချက်ကဒီကဗျာလေးနဲ့တော်တော်တိုက်ဆိုင်နေတာ။
သတိရခြင်းတွေလဲတဖွဲဖွဲကြွေနေတယ်။
ငါတို့ဝေးပြီတေးဆိုမလို့ စဉ်းစားကြည့်လိုက်တော့ နီးလဲမနီးခဲ့ဖူးပါဘူးလေဆိုပြီးဖြေသိမ့်လိုက်ပါတယ်။
မရေရာခြင်းတွေလဲ တဝေါဝေါ
ဒီကြားထဲ နားလည်ခြင်းတွေလဲ ၀တ်မှုန်မကူးနိုင်တော့ခက်ပီ။ခက်ပီ။
မောလိုက်တာမန့်ရတာပေါ်လဲပေါ်ဘူး။
ချစ်တဲ့
ရိုးမြေကျ

ခံစားချက်လေးတွေက အရမ်းကိုပြင်းထန်နေပါလား မြတ်နိုးရေ..
ဘ၀မှာရှုံးနိမ့်မှုတွေနဲ့သာ
အကြိမ်ကြိမ်ရေချိုးခဲ့ရသူပါ...
အားမငယ်ပါနဲ့ မကြာခင်မှာ အောင်မြင်ခြင်းရေတံခွန်မှာ ညလေး အမြန်ဆုံးရေချိုးနိုင်ပါစေနော်...
ခင်တက်တဲ့
အမလေပြေ
အိုမားရဲ့ သာမီးလေးကအရမ်းတော်တယ်
( သတိရခြင်းတွေတစ်ဖွဲဖွဲကြွေတဲ့
မျက်ဝန်းထဲမှာသောကနှင်းတွေ
ခရမ်းပြာရောင်တောက်လို့
ဘ၀မှာရှုံးနိမ့်မှုတွေနဲ့သာ
အကြိမ်ကြိမ်ရေချိုးခဲ့ရသူပါ)
ချစ်တဲ့ အိုမား
မြတ်နိုးလေး
အနေဝေးချိန်ကဗျာလေး
အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်
လန်းတယ်ကွယ်..တိုက်ဆိုင်ချက်က လွန်ရော
အနေဝေးပြီး ခံစားရတဲ့ ဝေဒနာလေးကို ဥပမာ၊ ဥပမေယျ ဝေေ၀ဆာဆာ နှိုင်းယှဉ်တင်ပြသွားတာလေးကို သဘောကျတယ်။
ခင်မင်တဲ့
တိုက်ဆိုင်လိုက်တာနော်
ညီမ နဲ့တိုက်ဆိုင်တဲ့အတွက် အားပေးသွားပါတယ်နော်
နှလုံးသားထဲက
သစ်ပင်တစ်ပင်အမြစ်တွယ်ရာ
ကမ်းခြေတစ်လျှောက်မှာ
ပန်းတွေမပွင့်ခဲ့
ကဗျာလေးကို ကြိုက်တယ်ဗျ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဒီကဗျာလေးကို ကြိုက်တယ် မြတ်နိုးရေ
ကဗျာဆရာမလေးရေ...အားပေးပါတယ်ခင်ဗျာ
နာ့သမီးကတော်ထှာ ကဗျာလေးမိုက်တယ်
မြတ်နိုးလေးရေ...ကဗျာလေးက အရမ်းကောင်းတယ်..
တပုဒ်လုံးကို အရမ်းပဲကြိုက်မိတယ်...
သတိရနေတဲ့....
ချစ်တဲ့ မိုးနတ်
ကဗျာလေးသိပ်ကောင်းတယ်ဗျာ...
အချစ်ဆိုတာ သည်လိုလား ဝေေ၀၀ါးဝါး
မေးခွန်းတွေကြားမှာ တစ်နှစ်ကုန်သွားပြန်တယ်း)။
ဒါနဲ့ ယခုကဗျာလေးကို အပိုဒ်လေးတွေ ခွဲထားရင် ပိုပြီးကောင်းမယ်ထင်တယ်
ကဗျာ ပိုပြီး ပုံပေါ် ပိုပြီးရုပ်လုံးကြွလာမယ် ဆာလုပ်တာ ဟုတ်ဘူးနော်။
အမမြတ်နိုး
ကဗျာလေးတွေကအရမ်းကောင်းတယ်
အခုတလောခံစားနေရတာတွေနဲ့လည်းတိုက်ဆိုင်နေတယ်
ခင်တဲ့ အသည်းလေး
ကဗျာလေးအရမ်းကောင်းတယ်...
ညီမလေးလို့ ထင်ပါတယ်..
ညီမလေးရေးတဲ့ ကဗျာလေးတွေအရမ်းသဘောကျမိတယ်..း)
သတိရခြင်းတွေတစ်ဖွဲဖွဲကြွေတဲ့
မျက်ဝန်းထဲမှာသောကနှင်းတွေ
ခရမ်းပြာရောင်တောက်လို့
ဘ၀မှာရှုံးနိမ့်မှုတွေနဲ့သာ
အကြိမ်ကြိမ်ရေချိုးခဲ့ရသူပါ...
အရမ်းမိုက်တယ်..
နောက်ဆုံးပိုဒ်လေး ကိုခံစားသွားပါတယ်......
ဝေါကနဲသွန်ချလိုက်တဲ့မရေရာခြင်းတွေ
လယ်ကွင်းတစ်ကွင်းစာရေတွေလွှမ်းလို့
လရောင်အောက်မှာတောင်
နားလည်ခြင်းတွေဝတ်မှုန်မကူးနိုင်ခဲ့သူပါ။
(ပထမဆုံးအကြိမ်ေ၇ာက်ရှိခဲ့ပါကြောင်း)
Post a Comment