ချစ်သူရေ......
အချစ်နဲ့ဘ၀ကထပ်တူမမျှလို့
တမ်းတသမျှက........
နွမ်းလျလွန်းအောင်ပြုစားရက်တဲ့
နွေတစ်ရာလိုပဲ.............
ဝေဒနာကိုကဗ္ဗည်းတပ်မှ
ခံစားမှုတွေဒဏ်ခတ်ထားရမှန်းသိတယ်....
ဘာတွေပြုစားခဲ့တာလဲ
အမှတ်တမဲ့အကြည့်တစ်ချက်နဲ့တင်
လေဟာနယ်ထဲရောက်သွားသလို
အိပ်ငွေ့ချခံရစဉ်ခဏအတွင်းမှာ
မဆုံနိုင်တဲ့အိပ်မက်ရှည်လိုပဲ
ဒီအကြည့်တစ်ချက်နဲ့ပဲ
ပန်းတွေကိုပွင့်လန်းစေခဲ့တာ
ဒီအကြည့်တစ်ချက်နဲ့ပဲ
ကာရံမဲ့ကဗျာတွေကို
အသက်သွင်းစေခဲ့တယ်
စက္ကန့်ဝက်လောက်အတွင်းမှာ
တိမ်တိုက်တွေလို
လေမှာလွင့်မျောရင်း
အသက်မဲ့သွားတာမျိုးမဟုတ်ပေမယ့်
ခဏတာငါ(Shock)ရသွားတာပါ....
17 comments:
ချစ်သူရေ......
အချစ်နဲ့ဘ၀ကထပ်တူမမျှလို့
တမ်းတသမျှက........
နွမ်းလျလွန်းအောင်ပြုစားရက်တဲ့
နွေတစ်ရာလိုပဲ.............
ဝေဒနာကိုကဗ္ဗည်းတပ်မှ
ခံစားမှုတွေဒဏ်ခတ်ထားရမှန်းသိတယ်....
ဘာတွေပြုစားခဲ့တာလဲ
အမှတ်တမဲ့အကြည့်တစ်ချက်နဲ့တင်
လေဟာနယ်ထဲရောက်သွားသလို-----
ဝါး-----------------မြတ်နိုးရေ---စာသားတွေကအလန်းတွေပဲ
ကောင်းတယ် ဆက်ရေးနိုင်ပါစေ
ခင်မင်တဲ့ jasmine
ဘယ်လိုအကြည့်မျိုးလည်း သိချင်လိုက်တာ တော်ရုံအကြည့်မျိုး မဟုတ်မှန်းတော့ သိလိုက်တယ် မြတ်နိုးရေး)
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီတလော ကိုယ်လဲရှောခ့် တွေရနေတယ်ကွာ။
ဒီတလော ကိုယ်လဲရှောခ့် တွေရနေတယ်ကွာ။ ဘလော့ပေါ်ကတစ်ယောက်သောသူကြောင့်ပါကွယ်။
ဒီအကြည့်တစ်ချက်နဲ့ပဲ
ပန်းတွေကိုပွင့်လန်းစေခဲ့တာ
ဒီအကြည့်တစ်ချက်နဲ့ပဲ
ကာရံမဲ့ကဗျာတွေကို
အသက်သွင်းစေခဲ့တယ်
စက္ကန့်ဝက်လောက်အတွင်းမှာ
တိမ်တိုက်တွေလို
လေမှာလွင့်မျောရင်း
အသက်မဲ့သွားတာမျိုးမဟုတ်ပေမယ့်
ခဏတာငါ(Shock)ရသွားတာပါ....
ကဗျာလေးအားပေးခံစားခဲ့တယ်ညီမလေးရေ
မြတ်နိုးရေ စက္ကန့်ဝက်အတွင်းမှာတင် ငှက်တစ်ကောင်ပမာ လေထဲမှာ လွင့်မျောနေတာပေါ့နော်...
ခင်မင်လျက်
မြတ်နိုးရေအမှတ်တမဲ.အကြည်.တချက်နဲ.တင်
လေဟာနယ်ထဲရောက်သွားသလို....
အားပေးလျှက်၊ခင်တဲ.အန်တီလေးမေခင်။
အကြည့်တစ်ချက်ငါ့ရင်ခုန်သွားတယ်။ ဒီအကြည့်တစ်ချက်နဲ့ ပန်းတွေပွင့်စေတယ်ဆို အဲဒီအကြည့်လေးခဏငှားပါလား။ (စတာနော်။) ကမ္ဘာမြေတစ်ခုလုံး စိမ်းလန်းသွားအောင်။
လာအားပေးသွားပါတယ် မြတ်နိုးရေ..
သည် အကြည့်တစ်ချက် ကတော်တော်ဆွဲဆောင်မှုရှိမှာနေမှာပဲ :P
အဲသည် အကြည့်တစ်ချက် လေးနဲ့ ခဏလေးဖြစ်ဖြစ်ဆုံချင်လိုက်တာ :P
ကဗျာကောင်းလေးကိုခံစားသွားတယ်နော်
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)
OMG.. ကဗျာဖတ်ပြီး ရှော့ရသွားပြီ ကောင်းလွန်းလို့ :D
ကောင်းမှကောင်း
ကြိုက်တယ်
ကဗျာလေးတွေကောင်းတယ်ဗျာ
မော်ဒန် ကဗျာလို့ ပြောရမယ်ထင်တယ်
အချစ်နဲ့ ဘ၀ တစ်ထပ်တည်းကျပါစေ။
လင့်ချိတ်ထားပါရစေ။
ဒီအကြည့်တစ်ချက်နဲ့ပဲ
ကာရံမဲ့ကဗျာတွေကို
အသက်သွင်းစေခဲ့တယ်
ကဗျာကောင်းလေး ခံစားဖတ်ရှုသွားပါတယ်ခင်ဗျာ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဒီအရေးအသားလေးတစ်ချက်နဲ့ပဲ ကဗျာလေးကို ပိုမြတ်နိုးသွားတယ် :)
ကဗျာကောင်းလေးကို အားပေးဖတ်ရှုသွားပါတယ်နော်
Post a Comment